ကလေးတိုင်းမှာ ချန်ပီယံ တစ်ယောက် လိုအပ်တယ်။
နှစ်ပေါင်း ၄၀ ဆရာဖြစ်ခဲ့သူ Rita Pierson ဟာ လုက်ဖော်ကိုင်ဖက် တစ်ယောက်ပြောတာ ကြားလိုက်မိတယ်၊ "ငါ့ကို လစာပေးတာက ကလေးတွေကို သဘောကျနှစ်သက်ဖို့အတွက် မဟုတ်ဘူး"တဲ့။ သူက ပြန်ပြောလိုက်တာက "ကလေးတွေဟာ သူတို့ သဘောမကျတဲ့ သူတွေဆီကနေ သင်ယူမှာ မဟုတ်ဘူး"တဲ့။ ပညာသင်ကြားပေးသူတွေကို သူတို့ရဲ့ ကျောင်းသားတွေကို ယုံကြည်ကြဖို့၊ တကယ့် လူသားဆန်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆင့်တစ်ခုပေါ်မှာ သူတို့နဲ့အတူ ဆက်သွယ်မိကြဖို့ တိုက်တွန်းထားတဲ့ နှိုးဆော်ချက်တစ်ခုပါ။
