ပျံသန်းဖို့ကို ကျွန်ုပ်တို့အားလုံး အိပ်မက်မက်ခဲ့ကြပါတယ်၊ ဒါပေမဲ့ Richard Browningကျတော့ ပျံသန်းမှုဟာ အစွဲအလမ်းတစ်ခုပါ။ သူဟာ စိတ်၊ ကိုယ်နဲ့ နည်းပညာတို့ရဲ့ ခမ်းနားတဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ခုကို ထောက်မှီထားတဲ့ Iron Man လို ဝတ်စုံတစ်စုံကို တည်ဆောက်ထားပါတယ်။ သိပ္ပံ စိတ်ကူးယဉ် အိပ်မက်တွေကို တကယ့် လက်တွေဘဝဆီ နီးကပ်စွာ ဆောင်ကြဉ်းပေးခြင်းပါ။ သူ့ရဲ့ တီထွင်မှုနောက်ကွယ်က စမ်းသပ်ပြုပြင်ခြင်း ဖြစ်စဉ်လေးအကြောင်းကို ပိုမိုလေ့လာပြီး မမေ့နိုင်ဖွယ် သရုပ်ပြကွက်ထဲမှာ Browning နဲ့လိုက်ပြီး ပျံသန်းလိုက်ပါဦး။
