တဒင်္ဂများကို အဟုန်အဖြစ် ပြောင်းလဲလိုက်ပုံ။
အမေရိကန် ပြည်ထောင်စုမှာ လူမျိုးရေးခွဲခြားမှုဝါဒ ဆန့်ကျင်တဲ့ လှုပ်ရှားမှု မြင့်တက်လာခြင်းကနေ စေ့ဆော်မှုကြောင့် WNBA ချိန်ပီယံ Renee Montgomery ဟာ မျှော်လင့်မထားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်တယ်။ သူ့ရဲ့ စိတ်ကူးအိပ်မက်ထဲက အလုပ်ကို ရွေးချယ်လိုက်တာပါ။ ဒီစိတ်လှုပ်ရှားထိခိုက်စေတဲ့ ဟောပြောချက်ထဲမှာ သူ ပြောသလိုပဲ "ခံစားမိစေအောင်" သူ ဖန်တီးချင်ခဲ့တယ်။ ဆိုလိုတာက သူရဲ့အာရုံစိုက်မှုကို တရားရုံးကနေ လူမှုအသိုင်းအဝိုင်းဆီ ပြောင်းလိုက်ခြင်းပါ။ ဒါပေမဲ့ ခံစားရအောင် ဖန်တီးဖို့ သင်ဟာ ဘတ်စကက်ဘောသမား အကျော်အမော်တစ်ယောက် ဖြစ်စရာမလိုပါဘူး။ ဘယ်သူမဆို အရေးကြီးတဲ့ တဒင်္ဂလေးတွေကို အဓိပ္ပါယ်ရှိတဲ့ အဟုန်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ သင် ဘယ်လို ပြောင်းလဲမှာလဲ။

