အကျဉ်းထောင်တွေအတွင်း ဘာကြောင့် စာကြည့်တိုက်တွေ တည်ဆောက်နေတာလဲ
145,897 plays|
Reginald Dwayne Betts |
TED2026
• April 2026
ရက်ဂျီနယ် ဒွိန်း ဘက်စ်ဟာ အသက် ၁၆ နှစ်အရွယ်မှာ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံခဲ့ရတယ်။ သူက သူ့ စိတ်တည်ငြိမ်မှုကို ထိန်းထားဖို့ စာအုပ်တွေဆီ ဦးလှည့်ခဲ့ပြီး အခက်ခဲဆုံး နေရာတွေမှာတောင်၊ လူတွေဟာ ကိုယ် ရှာဖွေတာကို ကိုယ် တွေ့ရှိတယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခု ဖွံ့ဖြိုးလာခဲ့တယ်။ အခုအခါ ရှေ့နေနဲ့ ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ သူက အမေရိကန်တစ်ဝန်းက အကျဉ်းထောင်တွေမှာ ရာနဲ့ချီတဲ့ လွတ်လပ်မှု စာကြည့်တိုက်တွေကို ဖွင့်လှစ်ထားပြီး တစ်ချိန်က သူကိုယ်တိုင် ဖတ်ချင်ခဲ့တဲ့ စာအုပ်တွေကို အကျဉ်းကျနေတဲ့ လူတွေရဲ့ လက်ထဲကို ထည့်ပေးနေတာပါ။ ဒီလေးနက်တဲ့ ဟောပြောချက်မှာ မျှော်လင့်ချက်ဆိုတာက လူတွေက အချင်းချင်း လက်ဆင့်ကမ်းပေးတဲ့ အရာတစ်ခု ဖြစ်တယ်ဆိုတာကို သူက တင်ပြထားတာပါ။ "ကျွန်တော်တို့က လူသန်းချီကို ထောင်ထဲပို့ကြတယ်။ ကျွန်တော်ကတော့ သန်းချီတဲ့ စာအုပ်တွေကို ထောင်ထဲ ထည့်ပေးမှာပါ" လို့ သူက ဆိုတယ်။

