လေယာဉ်တွေက လေထဲမှာ ဘယ်လို ဝဲပျံနေနိုင်တာလဲ။
2,528,485 plays|
Raymond Adkins |
TED-Ed
• February 2023
၁၉၁၇ ခုနှစ်မှာ အဲလ်ဘတ် အိုင်းစတိုင်းဟာ အာကာသနဲ့ အချိန်ကြားက ဆက်စပ်မှုကို ရှင်းပြခဲ့ပြီးပါပြီ။ ဒါပေမဲ့ အဲဒီနှစ်ထဲမှာပဲ သူဟာ ချို့ယွင်းချက်ရှိတဲ့ လေယာဉ်တောင်ပံပုံစံတစ်ခုကို ပုံစံထုတ်ခဲ့တယ်။ သူ့ရဲ့ ကြိုးပမ်းမှုက ပျံသန်းမှုဆိုင်ရာ အလုပ်လုပ်ပုံနဲ့ပတ်သက်တဲ့ မပြည့်စုံတဲ့ သီအိုရီတစ်ခုအပေါ် အခြေခံထားတာပါ။ အမှန်တော့ မလုံလောက်မှုနဲ့ မမှန်ကန်တဲ့ ရှင်းလင်းချက်တွေက ဒီနေ့ခေတ်အထိ ပျံ့နှံ့နေဆဲပါ။ ဒါဆို အိုင်းစတိုင်း ဘယ်မှာ မှားယွင်းခဲ့တာလဲ။ ပြီးတော့ လေယာဉ်တွေက အတိအကျ ဘယ်လို ပျံသန်းကြတာလဲ။ ရေမွန် အက်ဒ်ကင်စ်က လေခွင်းအား ပင့်တင်မှု" အယူအဆကို ရှင်းပြပေးထားတာပါ၊
[Michael Kalopaidis Zedem Media က ရိုက်ကူးပြီး Addison Anderson က ဇာတ်ကြောင်းပြောထားတာပါ။ ]

