နှစ်ပေါင်း ၁၀၀၀ ကျော်တိုင်တိုင် ကမ္ဘောဒီးယား ကချေသည်တွေဟာ ကောင်းကင်ဘုံနဲ့ မြေကြီးအကြားက ပေါင်းကူး တံတားတွေအဖြစ် ရှင်သန်နေထိုင်ခဲ့ကြပါတယ်။ ဒီကျက်သရေရှိလှတဲ့ အမျိုးမျိုးစပ်ဟပ်ထားတဲ့ အက‘ဟောပြောချက်ထဲမှာ ကမ္ဘောဒီးယားရဲ့ ပထမဆုံး ယောက်ျားချည်းနဲ့ လိင်တူဆက်ဆံသူလို့ သတ်မှတ်တဲ့ အက ကုမ္ပဏီရဲ့ တည်ထောင်သူ အနုပညာရှင် Prumsodun Ok ကနေပြီး ခမာ ဂန္ဓဝင်အကရဲ့ ကြွယ်ဝလှတဲ့ သမိုင်းနဲ့ ၎င်းရဲ့ လက်ရှိ ပြန်လည်ခေတ်စားလာမှုကို အနုပညာရှင်ရဲ့ ရှေးဟောင်း ထာဝရ ကဏ္ဍကို တမန်တစ်ဦးအဖြစ် သရုပ်ဆောင်ရင်း အနုစိတ်တင်ပြထားပါတယ်။
