ခရီးသွား စာရေးဆရာ Pico Iyer အသွားချင်ဆုံးနေရာက ဘယ်နေရာဖြစ်လိမ့်မလဲ။ ဘယ်နေရာမှ မဟုတ်ပါဘူး။ ဖြစ်မြဲ သဘာဝကိုဆန့်ကျင်ပြီး ခံစားချက်အပြည့်ပါတဲ့ အလေးအနက်ဆင်ခြင်မှုတစ်ခုမှာ Iyer က ငြိမ်သက်ခြင်းအတွက် ယူလိုက်ရတဲ့ အချိန်ကနေလာတဲ့ မယုံနိုင်စရုကောင်းတဲ့ ထိုးထွင်ဉာဏ်ကို တစ်ချက်ကြည့်လိုက်မိပါတယ်။ တချိန်လုံး လှုပ်ရှားနေရကာ အာရုံအတွက် နှောင့်ယှက်မှုတွေနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့ ကမ္ဘာထဲမှာ နေ့စဉ်အချိန်ထဲက မိနစ်အနည်းငယ် ဒါမှမဟုတ် ရာသီတိုင်းကနေ ရက်အနည်းငယ်ယူပြီး ကျွန်တော်တို့ အသုံးပြုလို့ရတဲ့ နည်းဗျူဟာတွေကို သူက ဆွဲထုတ်ပြထားပါတယ်။ အကယ်၍များ တစ်စုံတစ်ယောက်ဟာ ကျွန်တော်တို့ ကမ္ဘာကြီးအတွက် တောင်းဆိုချက်တွေနဲ့ ဖိစီးနေတယ်ဆိုရင် ဒီဟောပြောချက်ဟာ သူ့အတွက်ပါ။
