စိတ်ပညာရှင် Philip Zimbardo ပြောတာက ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေဟာ ကျွန်တော်တို့ အများစု ဥပက္ခာပြုထားတဲ့ လက္ခဏာတစ်ခုရဲ့အထဲမှာ အမြစ်တွယ်နေပါတယ်တဲ့။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် တွေဆီကို ကျွန်တော်တို့ စိတ်ရည်သန်တဲ့ နည်းလမ်းမှာပေါ့။ ကျွန်တော်တို့ ဘဝတွေကို တိုးတက်စေဖို့ ပထမ ခြေလှမ်းတစ်လှမ်း အနေနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ အမြင်ကို စံကိုက်ချိန်ညှိဖို့ လိုတာကို သူအကြံပြုပါတယ်။

