ဘာကြောင့် အနံ့က လူတွေ ထင်တာထက် ပိုအရေးပါတာလဲ။
TED ဝိုင်းတော်သားနှင့် ဓာတုအာရုံခံမှုဆိုင်ရာ သုတေသတီ Paule Joseph ကနေပြီး မကြာခဏ သတိမမူမိလွန်းကြတဲ့ အာရုံတစ်ခုရဲ့ လျှို့ဝှက် စွမ်းအားကို ဖော်ပြလိုက်တာပါ။ သူက မှတ်ဉာဏ်နဲ့ စိတ်ခံစားမှုကို လှုံ့ဆော်ပေးတာကနေ၊ ရောဂါ အစောပိုင်း သိရှိနိုင်မှု အလားအလာအထိ၊ အနံ့ရဲ့နောက်ကွယ်က သိပ္ပံပညာကို စူးစမ်းကာ၊ ပိုကျယ်ပြန့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် တံခါး ဖွင့်ပေးနိုင်တဲ့ အရသာနဲ့ အနံ့အတွက် အခြေခံ စစ်ဆေးမှုတစ်ခုကို ဖန်တီးမှုအတွက် ထောက်ခံအားပေးထားပါတယ်။