အသက် ၆၆ နှစ်မှာ စီးပွားရေးစွမ်းဆောင်ရှင် ဖြစ်လာခဲ့ပုံ။
မိမိကိုယ်ကို ဆန်းသစ်တီထွင်ဖို့ နောက်ကျတယ်ရယ်လို့ မရှိနိုင်ပါ။ Paul Tasner မှ ယူထားခြင်းဖြစ်ပါတယ်။ အခြားလူများအတွက် နှစ်ပေါင်း ၄၀ ကြာ မရပ်မနား အလုပ်လုပ်ပြီးနောက် သူ့ရဲ့ စိတ်ကူးကို သူ့အတွေ့အကြုံ၊ သူ့စိတ်ထက်သန်မှုပါတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုအတွက် တွဲဖက်ရင်း သူ့အသက် ၆၆ နှစ်မှာ သူ့ကိုယ်ပိုင် ကနဦး စီးပွားရေးလုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။ အဲဒါ သူတစ်ဦးတည်းတော့ မဟုတ်ပါဘူး။ သူ့ရဲ့ တိုတောင်းပြီး ရယ်စရာကောင်းကာ စေ့ဆော်မှုပေးတဲ့ ဟောပြောချက်ကို မျှဝေခိုက်မှာ သက်ကြီးရွယ်အိုတွေဟာ သူတို့ရဲ့ စီးပွားရေးစွမ်းဆောင်မှုဆိုင်ရာ ဗီဇတွေကို တိုးကာတိုးကာ အရသာတွေ့လာနေကြပြီး ကြီးမားတဲ့ အောင်မြင်မှုကို မြင်တွေ့နေကြပါတယ်။

