ဧရာမစွမ်းပကားကြီးမားတဲ့ စက်ရုပ်သေးသေးလေးတွေ
စက်ရုပ်ပညာရှင်တွေ ဖြစ်ကြတဲ့ Paul McEuen နဲ့ Marc Miskin တို့နဲ့အတူ မိုက်ခရိုကမ္ဘာကြီးကို လေ့လာရင်း ဆဲလ်တစ်ခုအရွယ်ရှိပြီး သေးနုပ်တဲ့ ခြေထောက်တွေနဲ့ စက်ရုပ်တွေကို အလုံးအရင်းအဖြစ် ထုတ်လုပ်နိုင်ပုံကို ရှင်းပြထားတာကို ကြည့်ရှုကြရမှာဖြစ်ပြီး အဲဒီလို စက်ရုပ် အသေးလေးတွေကို သီးနှံရောဂါတွေကို ကာကွယပေးရန် ဒါမှမဟုတ် သင့်ဦးနှောက်ကို နျူရွန် တစ်ခုရဲ့ အဆင့်မှာကို လေ့လာဖို့ သုံးနိုင်ပုံကို အံ့အားသင့်ဖွယ် သိရှိလာကြရပါလိမ့်မည်။
