TEDxDubai မှာ ရေရှည် ပို့ချခဲ့တဲ့ အင်္ဂလိပ်စာ ဆရာမဖြစ်သူ Patricia Ryan ကနေပြီး တမင်တကာ ဆွထားတဲ့ မေးခွန်းကို မေးပါတယ်။ "ကမ္ဘာကြီးရဲ့ အာရုံက အင်္ဂလိပ်စာကို စိုက်နေမှုဟာ ကြီးကျယ်တဲ့ အတွေးအခေါ်တွေ အခြားဘာသာစကားတွေနဲ့ ပျံ့ပွားမရအောင် တာဆီးပိတ်ပင်နေတာများလား"တဲ့။ (ဥပမာအားဖြင့် Einstein ဟာ TOEFL အောင်ဖို့လိုမယ်ဆိုရင် ဘာဖြစ်လိမ့်မလဲပေါ့။) ဒါဟာ အတွေးအခေါ်တွေကို ဘာသာပြန်ခြင်းနဲ့ မျှဝေခြင်းရဲ့ ထက်သန်လှတဲ့ ခုခံကာကွယ်မှုတစ်ခုပါ။
