HIV ရောဂါကို လေဆာရောင်ခြည်ဖြင့် ကုသနိုင်ပါသလား။
ဆေးကုသဖို့အတွက် ဆေးလုံးတွေကိုမျိုချခြင်းဟာ လျှင်မြန်ပြီး၊နာကျင်မှုမရှိပေမည့် တစ်ခါတစ်လေမှာတော့ ရောဂါတွေကို ကုသဖို့အတွက် အပြည့်အဝထိရောက်ခြင်းမရှိလှပါဘူး။
အလားအလာရှိလောက်တဲ့ ပိုကောင်းမွန်တဲ့ နည်းလမ်းမရှိဘူးလား။ လေဆာရောင်ခြည်လေ။
ဒီစိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ ဟောပြောချက်ထဲမှာ TED ဝိုင်းတော်သား Patience Muthunzi
ကနေ HIV ရောဂါကူးစက်နေတဲ့ ဆဲလ်တွေကို ဆေးဝါးတွေတိုက်ရိုက်ရောက်ရှိဖို့ လောဆာရောင်ခြည်ကိုအသုံးပြုဖို့ သူမရဲ့ စိတ်ကူးကိုရှင်းလင်းတင်ပြထားပါတယ်။ ဒါက စောတော့စောပါသေးတယ်။ ဒါပေမဲ့ ကုသမှုဟာ အလားအလာရှိနိုင်ပါသလား။
