ကုန်စည်ပို့ဆောင်ရေးအတွင်းက ဆန်းသစ်တီထွင်မှုရဲ့ နောက်ထပ် လှိုင်း။
အမေရိကန် ပြည်ထောင်စုတစ်ဝှမ်းမှာ ကုန်တင်ကား သန်းပေါင်းများစွာဟာ ပြည်နယ် မျဥ်းတွေတစ်လျှောက် ကုန်ပစ္စည်းတွေ တစီစီဖြစ်နေစေပြီး ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု ပမာဏများစွာကို ထုတ်လုပ်ပေးနေတယ်။ ကားတချို့က တစ်ဝက်သာ ပြည့်နေတာပါ။ တစ်နှစ်မှာ ဒေါ်လာဘီလီယံ ၄၀၀ ရှိတဲ့ ဒီထောက်ပံ့ရေး ကွင်းဆက်လုပ်ငန်းစဉ်ကို တတ်နိုင်သမျှ ထိရောက်ပြီး ရေရှည်တည်တံ့စေဖို့ လုပ်ဆောင်နေတဲ့ ကုန်စည်ပို့ဆောင်ရေး ကျွမ်းကျင်သူ Oren Zaslansky ကနေပြီး ဒီကုန်တင်ကားကို algorithmic car-pooling နဲ့ အမြင့်ဆုံးစွမ်းရည်အထိ ဖြည့်သွင်းတာကို စူးစမ်းရှာဖွေထားပါတယ်၊ (ကုန်စည်ပို့ဆောင်ရေး မျှဝေစီးနင်းမှုကို တွေးကြည့်ပါ။ )ပိုပွင့်လင်းပြီး ဂေဟစနစ် သဟဇာတဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်ရဲ့ အလားအလာကို ဒါနဲ့အတူ ယူဆောင်လာတာပါ။
