ဇာတ်လမ်းတစ်ခုကို သင့်ရဲ့ စိတ်မှာတင်မဟုတ်ပဲ ကိုယ်ခန္ဓာတစ်ခုလုံးနဲ့ပါ တွေ့ကြုံခံစားရမယ်ဆိုရင် သင်ဘယ်လို ဖြစ်သွားမလဲ။ Nonny de la Paña ဟာ ပရိတ်သတ်ကို ဇာတ်လမ်းထဲကို ထည့်သွင်းဖို့အတွက် အစဉ်အလာ သတင်းပို့ချက်တွေကို ပေါ်ထွန်းခါစ VR (အသွင်တူဖန်တီးခြင်း) နည်းပညာနဲ့ပေါင်းစပ်ထားတဲ့ သတင်းစာပညာ ပုံစံသစ် တစ်ခုကို လုပ်ကိုင်နေပါတယ်။ ရလဒ်အနေနဲ့ de la Paña မျှော်လင့်ထားတာက လူတွေကို သတင်းကို ပုံစံသစ်တစ်ခုနဲ့ နားလည်စေဖို့ဆိုတဲ့ စိတ်အာရုံကို နှိုးဆွပေးတဲ့ အတွေ့အကြုံပါပဲ။
