"တွေးခေါ်သူ” ရုပ်တု တကယ်တမ်း တွေးနေတာက ဘာလဲ။
186,612 plays|
Noah Charney |
TED-Ed
• April 2026
လူအများ ထင်ထားတာနဲ့ဆန့်ကျင်ဘက်၊ 'တွေးခေါ်သူ' ရုပ်တုက ထာဝရ အလေးအနက်ဆင်ခြင်မှုရဲ့ အများလက်ခံတဲ့ သင်္ကေတတစ်ခုသက်သက် မဟုတ်ဘူး။ ပြင်သစ် ပန်းပုပညာရှင် သြဂတ်စ် ရိုဒင်က ဒီရုပ်တုကို သီးခြားပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်စားပြုဖို့ ရည်ရွယ်ခဲ့ပြီး တောက်လောင်နေတဲ့ ငရဲတွင်းတွေကို သရုပ်ဖော်ထားတဲ့ ပိုကြီးမားတဲ့ လက်ရာတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းခဲ့တာပါ။ ဒါဆို၊ တွေးခေါ်သူက ဘယ်သူလဲ၊ သူ တကယ် တွေးနေတာက တာလဲ။ နိုးဝါး ချာနေးကနေပြီး ဒီနာမည်ကျော် အနုပညာလက်ရာရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေဖော်ထုတ်ထားတာပါ။ [Avi Ofer က ရိုက်ကူးပြီး Jack Cutmore-Scott က ဇာတ်ကြောင်းပြောကာ Stephen LaRosa Wonder Boy Audio က တေးဂီတကို ဖန်တီးထားပါတယ်။]

