သင့်စိတ်ဓာတ်ကျခြင်းကို ကြိတ်ပြီး မခံစားပါနဲ့။
ခံစားမှုတွေရှိခြင်းဟာ အားနည်းမှုရဲ့ လက္ခဏာတစ်ရပ်မဟုတ်ပါ၊ ၎င်းတို့ဟာ ကျွန်ုပ်တို့ လူသားတွေလို့ ဆိုလိုတာပါလို့ ထုတ်လုပ်သူနဲ့ လှုပ်ရှားရေးသမား Nikki Webber Allen ကဆိုပါတယ်။ စိတ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှု ရောဂါစစ်တမ်း တွေ့ရှိပြီးတာတောင်မှ Webber Allen ဟာ သူမနဲ့ရင်းနှီးတဲ့ အခြား သူတွေ ဟာလည်း ခံစားနေရပုံကို လှစ်ဟပြတဲ့ မိသားစု အဖြစ်ဆိုးတစ်ခုကို သိရတဲ့အထိတိုင် သူမရဲ့ အခြေအနေကို လျှို့ဝှက်ထားရင်း တစ်စုံတစ်ယောက်ကို ပြောပြဖို့ ရှက်တတ်လွန်းသူပါ။
စိတ်ကျန်းမာရေး အကြောင်း ဒီအရေးပါတဲ့ ဟောပြောချက်ထဲမှာ သူမဟာ သူမရဲ့ ရုန်းကန်မှုအကြောင်း ပွင့်လင်းစွာ ပြောပြထားပါတယ်။ ဘာကြောင့် အသားအရောင်ရှိတဲ့ လူမှုအဖွဲ့အစည်းတွေဟာ စိတ်ဓာတ်ကျခြင်းကို အားနည်းချက်တစ်ခုအဖြစ် လှည့်စားပြီး ဝေဒနာခံစားနေရသူတွေကို အကူအညီရခြင်းကနေ တားဆီးနေတဲ့ အမည်းစက်ကို ပျက်ပြယ်အောင်လုပ်ရမယ်ဆိုတာပါ။
