Nancy Lublin ဟာ သူမရဲ့ လူမှုရေး အကျိုးဆောင်အဖွဲ့နဲ့အတူ ဆယ်ကျော်သက်တွေကို ကူညီပေးဖို့ စာတိုများပို့ခြင်းကို စတင်ခဲ့တော့ သူမတွေ့လိုက်ရတာက အလန့်တကြားဖြစ်စရာပါ။ အနိုင်ကျင့်ခံရခြင်းကနေ စိတ်ဓာတ်ကျခြင်း ပြီးတော့ အလွဲသုံးစားပြုခံရခြင်းထိ သူတို့ရဲ့ပြဿနာတွေကို ပြန်ပြီး စာတိုတွေ ရိုက်ပို့ကြတယ်။ ဒီတော့ သူမဟာ စာတိုသက်သက် အရေးပေါ်လိုင်းတစ်ခုကို တည်ထောင်လိုက်တော့ ရလဒ်တွေဟာ သူမ မျှော်လင့်ထားတာထက်ကို ပိုပြီးတောင်မှ အရေးပါကောင်းပါနိုင်မှာပါ။
