ကိုယ့် စပ်စုလိုစိတ်ကို သိပ္ပံနည်းကျစွာ ဆွပေးနိုင်ပုံ
စပ်စုလိုစိတ်ကို ဘယ်လိုများ မြှင့်တင်ပေးနိုင်မလဲ။ ရူပဗေဒပညာရှင် Nadya Mason ရဲ့ အဆိုအရ အိမ်မှာ လက်ကို အသုံးချရတဲ့ စမ်းသပ်မှုတွေ ပြုလုပ်သင့်ပါတယ်။ ကျုပ်တို့ရဲ့ ပတ်ဝန်းကျင်ရှိ လောကကြီးထဲ ထူးဆန်းနားလည် မရနိုင်တာတွေကို ပယ်ဖျက်ချင်ရင် ကျုပ်တို့ရဲ့ သိပ္ပံနည်းကျတဲ့ စပ်စုလိုစိတ်ကို မြှင့်ပေးဖို့ လိုအပ်တာကို သူက စင်ပေါ်မှာ သံလိုက်၊ ဒေါ်လာငွေစက္ကူ၊ ရေခဲခြောက်နဲ့ တခြားအရာတွေဖြင့် စမ်းသပ်မှု တချို့ကို လုပ်ပြရင်း ရှင်းလင်း တင်ပြထားပါတယ်။
