ကျောင်းကို ဘာကြောင့်ဖွင့်ရတာလဲ၊ ထောင်ကို ပိတ်ဖို့ပါ။
ကျွန်ုပ်တို့ရဲ့ ကလေးတွေဟာ ကျွန်ုပ်တို့ရဲ့ အနာဂတ်ပါ၊ ဒါကို သူတို့ကိုယ်တိုင် ယုံကြည်ဖို့က အရေးကြီးပါတယ်။ ဒီအကြောင်းကြောင့်ပဲ Nadia Lopez ဟာ New York City တစ်ခုလုံးမှာ ဝန်ဆောင်မှုချို့ငဲ့ပြီး အကြမ်းတမ်းဆုံး ဝန်းကျင်တွေထဲက တစ်ခုဖြစ်တဲ့ Brooklyn မှာရှိတဲ့ Brownsville မှာ ပညာရေးဆိုင်ရာ အိုအေစစ်တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ကလေးတိုင်းရဲ့ ထူးချွန်ထက်မြက်မှုနဲ့ လုပ်နိုင်စွမ်းကို သူမယုံကြည့်တာကြောင့်ပါ။ ဒီတိုတောင်းတဲ့ ဟောပြောချက်မှာ Mott Hall Bridges Academy ( Humans of New York ရဲ့ ကြယ်တစ်ပွင့်) ရဲ့ တည်ထောင်သူ ကျောင်းအုပ်ကြီးကနေ သူမရဲ့ ပညာရှင်တွေဟာ သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ပိုကောင်းတဲ့ အနာဂတ်ကို မျှော်မှန်းရာမှာ ဘယ်လို့ ကူညီပုံကို မျှဝေထားပါတယ်။

