ကိုယ့်ကိုကိုယ် ပုန်းလျှိးမှုရဲ့ အန္တရာယ်
Morgana Bailey ဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး အမှန်တရားကို ၁၆ နှစ်ကြာကို ဖုံးကွယ်နေခဲ့ပါတယ်။ ရဲဝံ့တဲ့ ဟောပြောခန်းထဲမှာ သူဟာ သူ့အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ကြတဲ့ အချက်တွေကို ဖွင့်ဟ ပြောပြ ထားပါတယ်။ ဘာဖြစ်လို့ ထုတ်ပြောဖို့ လိုတာလဲ? သူ နှုတ်ငုံနေခဲ့ခြင်းကြောင့် ပုဂ္ဂိုလ်ရေးသာမက၊ လုပ်ငန်းခွင်ဆိုင်ရာ နဲ့ လူမှုရေး အကျိုးဆက်တွေ ဖြစ်ပွားလာနေတာကို သူ သိရှိနားလည်လိုက်လို့ပါ။ သူလုပ်ဖေါ်ကိုင်ဖက်တွေရဲ့ ရှေ့မှောက်မှာ သူဟာ အခြားသူတွေရဲ့ အမြင်ထဲ ရှုတ်ချခံနိုင်ရတယ်ဆိုတဲ့ ကြောက်စိတ်ဟာ ဘယ်လို အရေးကြီးပုံ နဲ့ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် တန်ဖိုးဖြတ်သုံးသပ်ကြပုံကို ဆွေးနွေးတင်ပြထားပါတယ်။
