ဝမ်းကွဲတော်စပ်သူကို လက်ထပ်တာက တကယ်ပဲ မကောင်းတာလား။
ဒေတာတွေကနေ သေချာပေါက် ထောက်ခံမထားတဲ့ သိသာတဲ့ အမှန်တရားတွေလို့ လက်ခံထားတဲ့ အရာတွေရှိပါတယ်။ အခြေခံ ဥပမာတစ်ခုက ဝမ်းကွဲတော်စပ်သူ လက်ထပ်မှုဟာ တားမြစ်ထားတာပါ။ ဒီအခန်းတွဲမှာ ဒေတာ သတင်းစာသမား Mona Chalabi ကနေပြီး ဝမ်းကွဲ လက်ထပ်မှုဟာ သင် တွေးထင်နိုင်လောက်တာထက် အတွေ့ရ ပိုများပြီး "မနှစ်မြို့စရာ ပိုနည်းတယ်ဆိုတာကို ဖော်ပြဖို့ ဆွေမျိုးဆက်ဇယားတွေရဲ့ နောက်ကွယ်က ကိန်းဂဏန်းတွေကို လေ့လာထားပါတယ်။ Mona ဆီကနေ နောက်ထပ် ကြားချင်ပါသလား။ TED Audio Collective. မှ သူ့ရဲ့ အသံဟောပြောချက် Am I Normal? with Mona Chalabi ကိုဝင်ကြည့်လိုက်ပါ။
