လူငယ် စွန့်ဦးထွင်၊ ကာတွန်းပညာရှင်၊ ဒီဇိုင်းပညာရှင်၊ လှုပ်ရှားပြောင်းလဲရေးဝါဒီ တစ်ယောက်ကို တွေ့ဆုံလိုက်ပါ။
Maya Penn ဟာ အသက် (၈)နှစ် အရွယ်မှာ သူမရဲ့ ပထမဆုံး ကုမ္ပဏီကိုစတင်ခဲ့ပြီး သူမရဲ့ ဖောက်သည်တွေ အတွက်ရော ကမ္ဘာမြေ အတွက်ပါ တာဝန်သိသူ ဖြစ်ရမလဲဆိုတာကို လေးလေးနက်နက် စဉ်းစားခဲ့ပါတယ်။ ဒီချစ်စရာကောင်းတဲ့ ဆွေးနွေးမှုမှာ သူမရဲ့ ဇာတ်လမ်းရယ် နောက်ပြီး သက်ဝင်လှုပ်ရှားနေတဲ့ကာတွန်း ရုပ်ကလေးတွေ၊ ဒီဇိုင်းတွေ၊ ကူးစက်လွယ်တဲ့ စွမ်းအင်တွေကို မျှဝေထားပါတယ်။

