ပိုပြီး ပျော်ပျော်နေချင်လား။ တဒင်္ဂမှာ နေလိုက်ပါ
လူတွေဘယ်အချိန်မှာ အပျော်ဆုံးလဲ။ ဒီမေးခွန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုစည်းဖို့ Matt Killingsworth ဟာ "သင့်ပျော်ရွှင်မှုကို ခြေရာခံကြည့်ပါ" ဆိုတဲ့ အက်ပ်ကို တီထွင်ထားရာ လူတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို အချိန်နဲ့တစ်ပြေးညီ အစီရင်ခံ တင်ပြလာနိုင်ပါတယ်။ ဒီအံ့ဩစရာကောင်းတဲ့ ရလာဒ်တွေထဲက တစ်ခုမှာ ကျွန်တော်တို့တွေဟာ တဒင်္ဂလောက် မျက်ခြေပြတ်သွားခိုက်မှာ အပျော်ဆုံးဖြစ်ဖြစ်နေခြင်းပါပဲ။ အခြားတစ်ဖက်မှာကျတော့ ကျွန်တော်တို့စိတ်က ဟိုဟိုဒီဒီ စိတ်လွင့်စင်နေလေလေ၊ ပျော်ရွှင်မှုက နည်းပါးလေးလေ ဖြစ်နိူင်တော့တာပေါ့။ (TEDxCambridge တွင်ရိုက်ကူးသည်။)

