တရုတ်ပြည်မှာ ဓာတုဗေဒနဲ့ ပိုးသတ်ဆေးကင်းတဲ့ လတ်ဆတ်တဲ့ အစားအစာတွေဖို့က ခက်ခဲပါတယ်။ ၂၀၁၆ တွင် တရုတ်အစိုးရက ကိုးလအတွင်းမှာ သန်းဝက်ရှိတဲ့ အစားအစာ ဘေးကင်းရေး ချိုးဖောက်မှုတွေကို ဖွင့်ချခဲ့ပါတယ်။ ဘေးကင်းပြီး ရေရှည်ခံတဲ့ အစားအစာ ရင်းမြစ်တွေ ကင်းမဲ့မှုမှာ TED ဝိုင်းတော်သား Matilda Ho ကနေ အစာထဲမှာပါတဲ့ ပိုးသတ်ဆေး၊ ဓာတုဆေး၊ ပဋိဇီဝဆေးနဲ့ ဟိုမုန်းတွေနဲ့ပတ်သက်ပြီး လုံးဝ သည်းခံမှုမရှိတဲ့ စမ်းသပ်မှုကို ပြဌာန်းရင်း တရုတ်ပြည်ရဲ့ ပထမဦးဆုံး အွန်လိုင်း လယ်သမား စျေးကွက်ကို အစပျိုးခဲ့ပါတယ်။ သူမကနေပြီး သူမရဲ့ တိုးပွားကာလာနေတဲ့ လမ်းစဉ် ဘယ်လို စတင်လာပုံနဲ့ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ အစားအစာကို ဒါကို လိုအပ်တဲ့ မိသားစုတွေဆီ ဆောင်ကြဉ်းပေးခြင်းကို မျှဝေထားပါတယ်။

