ကမ္ဘာပျက်ပြီးတဲ့နောက် လူသားတွေ ကင်းစင်နေတဲ့ ကမ္ဘာမြေက သိပ္ပံစိတ်ကူးယဉ် တီဗီနဲ့ ရုပ်ရှင်တွေထဲကလို အရာလို့ ထင်ရတယ်။ ဒါပေမဲ့၊ ဒီတိုတောင်းပြီး အံ့သြစရာကောင်းတဲ့ ဟောပြောချက်မှာ Lord Martin Rees က လူသားတွေကို ပျောက်သွားစေနိုင်တဲ့ သဘာဝနဲ့ လူသားက ဖန်တီးတဲ့ ခြိမ်းခြောက်မှုတွေဖြစ်တဲ့၊ လူတွေရဲ့ တကယ့်ဖြစ်တည်မှုဆိုင်ရာ အန္တရာယ်တွေကို စဉ်းစားဖို့ တောင်းဆိုထားပါတယ်။ လူသားမျိုးနွယ်ရဲ့ ပူပန်နေတဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့၊ သူ မေးလိုက်တာက– အဆိုးဆုံးက ဘာဖြစ်နိုင်သလဲတဲ့။

