လူမှုတိုးတက်မှုအတွက် အခမဲ့ အရင်းအမြစ် စီမံချက်။
wikis ဆိုတဲ့ လူတိုင်းအသုံးပြုတည်းဖြတ်နိုင်တဲ့ အင်တာနက်စာမျက်နှာများနှင့် ဒစ်ဂျစ်တယ် ထုတ်လုပ်ရေး ကိရိယာများကို အသုံးပြုပြီး TED ဝိုင်းတော်သား Marcin Jakubowski ဟာ လယ်ယာသုံးစက်ကိရိယာ ၅၀ အတွက် အသေးစိတ် စီမံချက်တွေကို အခမဲ့ ဝေမျှနေပါတယ်။ လူတိုင်းကို အနည်းငယ်မျှသော ကုန်ကျစရိတ်ကလေးနဲ့ သူတို့ကိုယ်ပိုင် လယ်ထွန်စက်တွေ၊ ရိတ်သိမ်းစက်တွေ တည်ဆောက်ဖို့ လမ်ခင်းပေးထားတာပါ။ ဒါဟာဆိုရင် ကိုယ့်ဒူးကိုယ်ချွန် ကျေးရွာတစ်ခုလုံးအတွက် ညွှန်ကြားချက်အတွဲရေးသားဖို့ စီမံချက်ရဲ့ ပထမဆုံး အဆင့်ပဲရှိပါသေးတယ်။ (ကနဦး ကုန်ကျစရိတ်က ဒေါ်လာ ၁၀၀၀၀ ပါ။)
