ဘီယာရဲ့ ရှေးကျတဲ့ မူလအစ
228,788 plays|
Malcolm Purinton |
TED-Ed
• March 2026
ဒီနေ့ခေတ်မှာ၊ ပီလ်စနာ၊ ဘော့ခ်ကနေ ပေါ်တာ၊ စတောက်နဲ့ အိုင်ပီအေအထိ ကွဲပြားတဲ့ ဘီယာ မျိုးကွဲပေါင်း ၁၀၀ ကျော် ရှိတယ်။ ဘီယာ ချက်တာရဲ့ ရှေးအကျဆုံး အထောက်အထားက နှစ်ပေါင်း ၁၃,၀၀၀ ကတည်းက စတင်ခဲ့ပေမဲ့၊ ကျွမ်းကျင်သူတွေကတော့ ဒီအဖျော်ယမကာက ကမ္ဘာတစ်ဝှမ်းမှာ သီးခြားစီ ဖြစ်ထွန်းလာခဲ့တယ်လို့ ယုံကြည်ကြတယ်။ ဒီတော့၊ ရှေးခေတ် လူ့ယဉ်ကျေးမှုတွေက ဘီယာကို ဘယ်လို ချက်ခဲ့ကြသလဲ၊ သူတို့ရဲ့နည်းလမ်းတွေက ဒီနေ့ ကျွန်တော်တို့ သိတဲ့ အဖျော်ယမကာအဖြစ် ဘယ်လို ဖြစ်လာခဲ့တာလဲ။ မဲလ်ကမ် ပါရင်တန်ကနေပြီး ဘီယာရဲ့ ဆင့်ကဲပြောင်းလဲမှုကို ခြေရာခံထားတာပါ။
[ Anton Bogaty က ရိုက်ကူးပြီး Addison Anderson က ဇာတ်ကြောင်းပြောကာ Jarrett Farkas က တေးဂီတကို ဖန်တီးထားပါတယ်။ ]
