ကမ္ဘာကြီးကို ပြောင်းလဲတာနဲ့ပတ်သက်ပြီး လွဲမှားခဲ့တာတွေ။
326,797 plays|
မာလာလာ ယူဆပ်ဖ်ဇိုင်း |
TED2026
• April 2026
မာလာလာ ယူဆပ်ဖ်ဇိုင်းဟာ သူ့ဘဝတစ်ခုလုံးကို မိန်းကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ခံအားပေးရင်း ကုန်ဆုံးခဲ့တယ်၊ အသက် ၁၅ နှစ်မှာ လုပ်ကြံသတ်ဖြတ်မှု ကြိုးပမ်းမှုတစ်ခုကနေ လွတ်မြောက်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ၂၀၂၁ ခုနှစ်မှာ အာဖဂန်နစ္စတန်က တာလီဘန်တွေလက်ထဲ ကျရောက်သွားချိန်မှာ ခက်ခက်ခဲခဲ ရယူထားတဲ့ တိုးတက်မှုက ပြိုလဲသွားတာကို စောင်ကြည့်နေခဲ့ရသူပါ။ ဒီမျှော်လင့်ချက်မဲ့ခဲ့တဲ့ အခိုက်အတန့်က ပြောင်းလဲမှု ဖန်တီးတာက ဘာကို ဆိုလိုတာ အပေါ် အခြေခံကျကျ ပြန်တွေးဖို့ သူ့ကို တွန်းအားပေးခဲ့ပြီး သူ ရှာဖွေတွေ့ရှိခဲ့တာတွေက ကျိုးပဲ့သွားတဲ့ အကောင်းမြင်ဝါဒကို ပိုအစွမ်းထက်ပြီး ပိုရိုးသားတာတစ်ခုနဲ့ အစားထိုးပေးလိုက်တာပါ။ မျှော်လင့်ချက် ပျောက်ဆုံးပြီလို့ ခံစားရတဲ့အခါမှာတောင် ကိုယ် လိုချင်တဲ့ အနာဂတ်အတွက် ဆက်လက်တိုက်ပွဲဝင်ပုံကို နားဆင်ကြည့်လိုက်ပါ။
