ဆံပင်က ဘယ်လောက် ရှည်ရှည် ပေါက်နိုင်လဲ။
691,022 plays|
Maksim Plikus |
TED-Ed
• March 2026
အသက် ၄၄ နှစ်မှာ ရှဲ ချူပင်းက ဆယ်စုနှစ် သုံးခုကျော်အတွင်း ပထမဆုံးအကြိမ် ဆံပင်ညှပ်ခဲ့တယ်။ ကမ္ဘာ့အရှည်ဆုံး ဆံပင်အတွက် ဂရင်းနစ် ကမ္ဘာ့စံချိန်ကို ရရှိတဲ့၊ သူရဲ့ အထင်ကြီးလောက်စရာ ဆံခွေတွေက ၅ မီတာကျော် ရှည်လျားခဲ့တယ်။ ဒါပေမဲ့ ဒီစံချိန်တင်တဲ့ အောင်မြင်မှုနဲ့တောင်၊ သူရဲ့ဆံပင်ဟာ ဖြစ်နိုင်ခြေရှိတဲ့ အရှည်ဆုံး အလျားအထိ မရောက်နိုင်ခဲ့လောက်ဘူး။ ဒီတော့ လူ့ဆံပင်က တကယ်တော့ ဘယ်လောက် ရှည်ရှည် ပေါက်နိုင်လဲ။ မက်ခ်ဆင် ပေလ်ကပ်ကနေပြီး ဆံပင်ပေါက်တာအပေါ် သက်ရောက်တဲ့ အကြောင်းခံတွေကို စူးစမ်းထားတာပါ။ [ Matt Partridge က ရိုက်ကူးပြီး Jack Cutmore-Scott က ဇာတ်ကြောင်းပြောကာ Thomas Bell က တေးဂီတကို ဖန်တီးထားပါတယ်။ ]
