ချည်ခင်ကြိုးထိုးအလှဆင်ခြင်း (yarn bombing) ကမ္ဘာအနှံ့ လှုပ်ရှားမှု တစ်ခု ဖြစ်လာပုံ။
အထည်အလိပ် အနုပညာရှင် Magda Sayeg ဟာ မြို့ပြ ရှုခင်းတွေကို ရောင်စုံ သိုးမွှေးထိုး၊ ကြိုးထိုးလက်ရာတွေပါတဲ့ နေ့စဉ်သုံး အရာဝတ္ထုများနဲ့ အလှဆင်ရင်း သူမကိုယ်ပိုင် ကစားကွင်းအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒီနွေးထွေးပြီး အမွေးပွပွ (ချည်ခင် အလှထည်) "yarn bombs" တွေဟာ Sayeg ရဲ့ ဇာတိမြို့ထဲမှာ အသေးစားလေးတွေဖြစ်တဲ့ ယာဉ်ရပ်တဲ့ မှတ်တိုင်တွေနဲ့ မီးသတ်ပိုက်ခေါင်းကနေ စခဲ့ပေမဲ့ မရှေးမနှောင်းမှာပဲ လူတွေဟာ ဒီလက်မှုအတတ်နဲ့ ဆက်သွယ်ချက်တစ်ခုကို တွေ့ရှိ သွားပြီး ကမ္ဘာတစ်လွှား ပျံ့နှံ့သွားပါတယ်။ Sayeg ပြောတာက "ကျွန်မတို့အားလုံးဟာ လျင်မြန်တဲ့ အဟုန်နဲ့ ဒစ်ဂျစ်တယ် ကမ္ဘာထဲမှာ နေထိုင်ကြပေမဲ့ မိမိတို့နဲ့ ဆက်နွှယ်နေတဲ့ အရာတစ်ခုခုကို အငမ်းမရ၊ တောင့်တဆဲပါ။ ဖုံးကွယ်နေတဲ့ စွမ်းအားကို မထင်ရဆုံး နေရာတွေမှာ တွေ့ရှိနိုင်ပြီး အဲဒါတွေကို ဖော်ထုတ်ပေးနိုင်တဲ့ ကျွမ်းကျင်မှုတွေ ကျွန်ုပ်တို့ဆီမှာ ရှိပါတယ်"တဲ့။
