Lux Narayan ဟာ သူ့ရဲ့တစ်နေ့တာကို ကြက်ဉမွှေကြော်နဲ့ "ဒီနေ့ ဘယ်သူ ဆုံးသွားလဲ" ဆိုတဲ့မေးခွန်းနဲ့ အစပြုပါတယ်။ New York Times နာရေးသတင်း၂၀၀၀ကို လပေါင်း ၂၀ ခွဲခြမ်းစိစစ်ခြင်းနဲ့ Narayan ဟာ ဘဝတစ်သက်တာမှာ အောင်မြင်မှုဆိုတာ ဘာနဲ့ တူသလဲဆိုတာကို စကားလုံး အနည်းငယ်နဲ့ ကောက်သင်းကောက်ခဲ့တယ်။ ဟောဒီမှာ သူဟာ ရေးသားပြီး မျှဝေထားတဲ့ အစဉ်မမေ့အပ်တာတွေက ကျွန်ုပ်တို့ကို ကောင်းမွန်စွာ ရှင်သန်ခဲ့တဲ့ ဘဝတစ်ခုအကြောင်း သင်ကြားပေးနိုင်ပါတယ်။

