လူဝီ ရှဝါးတ်ဇ်ဘာ့ဂ်: ဝတ်မှုန်ကူးမှုရဲ့ ဝှက်ထားတဲ့ အလှတရား
ဝတ်မှုန်ကူးမှု: အဲဒါဟာ ကမ္ဘာပေါ်ရှိ သက်ရှိဘဝအတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပေမဲ့၊ ကျွန်တော်တို့ လူသားတွေရဲ့ မျက်စိကတော့ မြင်ဖို့ မလွယ်ပါ။ ရုပ်ရှင်ရိုက်ကူးသူ လူဝီ ရှဝါးတ်ဇ်ဘာ့ဂ်က သဘာဝထဲက အဓိကရ ဝတ်မှုန်ကူးပေးသူ တစ်ခုဖြစ်တဲ့ ပျားတွေ မျိုးတုံးပျောက်ကွယ်မှာကို သိလာရလို့ ရိုက်ကူးခဲ့တဲ့ သူရဲ့ "Wings of Life" ဆိုတဲ့ ရုပ်ရှင်ကားထဲက နှုန်းမြင့် ပုံများဖြင့် ဝတ်မှုန် နဲ့ ဝတ်မှုန်ကူးပေးကြသူတို့ရဲ့ ရှုပ်ထွေးလှတဲ့ ကမ္ဘာကို ပြသဖို့ ကြိုးစားထားပါတယ်။
