သဘာဝကမ္ဘာရဲ့ ဆန်းကျင်တဲ့ လျှို့ဝှက်ချက်များ
ကျွန်တော်တို့ဟာ မြင်မရတဲ့ အလှတရား ကမ္ဘာထဲမှာ နေနေကြရပါတယ်၊ အဲဒါတွေဟာ သေးနုပ်လှကြကာ နူးညံ့ကြလွန်းလို့ လူ့မျက်စိက မမြင်နိုင်ပါ။ အဲဒီလို မြင်မရနိုင်တဲ့ ကမ္ဘာကို ပြပေးရန် ရုပ်ရှင် ရိုက်ကူးသူ Louie Schwartzberg က အချိန်ကာလ နဲ့ ဟင်းလင်းပြင်တို့ကို နှုန်းမြင့် ကင်မရာ၊ အချိန်အကြာကြီး စောင့်ရိုက်ကူးမှု နှင့် အဏုကြည့် ကိရိယာများကို သုံးပြီး တင်ဆက်ထားပါတယ်။ TED2014 မှာ သူဟာ 3D ရုပ်ရှင် "Mysteries of the Unseen World" ထဲမှာ နှေးပြလိုက် အရှိန်မြှင့်ပြလိုက် ချဲ့ပြလိုက် စသဖြင့် သဘာဝရဲ့ မယုံနိုင်ဖွယ်ရာ အလှကို ပြပေးထားပါတယ်။
