အာကာသထဲက ကြာရှည်တဲ့ ခရီးမှာ ကျွန်တော်တို့ အသက်ကောရှင်နိုင်ပါ့မလား။
အာကာသထဲမှာ အချိန်ကြာရှည်ခရီးသွားတာဟာလူသား တွေရဲ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ မြေဆွဲအားပျော့က ကြွက်သားတွေနဲ့ အရိုးကြီးထွားမှုကို ထိခိုက်စေနိုင်ပြီးတော့ ဓါတ်ရောင်ခြည်ထိတွေ့မှုများကလည်း ကုသလို့ မရတဲ့ဗီဇပြောင်းလဲမှုတွေကိုဖြစ်စေနိုင်တယ်။ လူသားတွေကို အာကာသပျော်မျိုးစိတ်တွေအဖြစ် တကယ်တွေးကြည့်ရင်တော့ မေးခွန်းတွေရှိလာပါပြီ။ တကယ်လို့များ ကမ္ဘာ့ပတ်လမ်းကြောင်းက
လွတ်သွားရင်တောင်မှ ကြမ်းတမ်းတဲ့ အာကာသထဲပတ်ဝန်းကျင်မှာ အလိုက်သင့်နေနိုင်မှာလား။ လီဆာနစ်(ပ်)က ဖြစ်နိုင်ခြေတွေကို ရှင်းပြထားတာဖြစ်ပါတယ်။