အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ဖို့ ဘာတွေလုပ်နိုင်လဲ။
အယ်လ်ဇိုင်းမားရောဂါက သင့်ဦးနှောက် ကံကြမ္မာဖြစ်စရာမလိုပါဘူးလို့ အာရုံကြောသိပ္ပံပညာရှင်နဲ့ ‘Still Alice” စာအုပ်ရဲ့ စာရေးဆရာမ Lisa Genova က ဆိုပါတယ်။ သူက ဒီရောဂါကို စူးစမ်းစစ်ဆေး နေတဲ့ နောက်ဆုံးပေါ် သိပ္ပံပညာနဲ့ အယ်လ်ဇိုင်းမားရောဂါ- ခံနိုင်ရည်ရှိတဲ့ ဦးနှောက် တစ်လုံးတည်ဆောက်ဖို့ လူတစ်တစ်ယောက်စီက လုပ်နိုင်တာအပေါ် အလားအလာရှိတဲ့ သုတေသန တချို့ကို မျှဝေလိုက်တာပါ။ TED Talks နေ့စဉ် နားထောင်နေသူတွေဟာ ဒီဟောပြောချက်ပြီးသွားတဲ့အခါ အထူး လက်ဆောင်တစ်ခု ရရှိပါတယ်၊ ဒီနယ်ပယ်အတွင်းက စိတ်လှုပ်ရှားစရာ တိုးတက်မှုအသစ်တွေနဲ့ပတ်သက်ပြီး Lisa Genova နဲ့ နောက်ဆက်တွဲ တွေ့ဆုံမေးမြန်းခန်းတစ်ခုပါ။ အခန်းတိုင်းကို ဘယ်တော့မှ လက်မလွတ် ရအောင် သင် အနှစ်သက်ဆုံး podcast ပလက်ဖောင်းပေါ်မှာ TED Talks Daily ကို စာရင်းသွင်းလိုက်ပါ။
