လက်ခံပိုင်းခြားသတ်မှတ်ထားတဲ့ နေရာမရှိသလိုမျိုး ခံစားနေရသူတွေအတွက် အံဝင်ခွင်ကျမဖြစ်ခြင်းမှာ အလှရှိပါတယ်။ စာရေးဆရာမ Lidia Yuknavitch ကနေပြီး ဆုံးရှုံးမှု အရှက်ရမှုနဲ့ မိမိကိုယ်ကို လက်ခံခြင်းရဲ့ နှေးကွေးတဲ့ဖြစ်စဉ်အကြောင်း သောင်းပြောင်းထွေလာ ဇာတ်လမ်းစုံရဲ့ အတွင်းကျတဲ့ အမှတ်ရခြင်းတစ်ခုထဲက သူမရဲ့ ကိုယ်ပိုင်ထိန်းမနိုင်သိမ်းမရ ခရီးရှည်တစ်ခုကို မျှဝေထားပါတယ်။ သူမပြောတာက "သင့်ကျဆုံးမှုရဲ့ ခဏတာကာလလေးမှာတောင်မှ သင်ဟာ လှပပါတယ်။ ဒါကို သင်မသိသေးပေမဲ့ သင့်ကိုယ်သင် အဆုံးမရှိ ဆန်းသစ်တီထွင်ဖို့ သင့်မှာ အစွမ်းရှိပါတယ်။ ဒါဟာ သင့်ရဲ့ အလှပဲလေ"တဲ့။
