ကာတွန်းပညာရှင် (Liana Finck) လီယာနာ ဖင့်ခ်ရဲ့ ပုံတွေက ဘဝရဲ့ အကျပ်အတည်းတွေ(ကြီးတာတွေရော၊ ငယ်တာတွေပါ) ချိန်းတွေ့တာတွေ၊ လမ်းခွဲတာတွေ၊ ညစာအတွက် ဘာချက်ရမယ်ဆိုတာတွေ၊ မရိုင်းဘဲ ပါတီပွဲတစ်ခုကနေ ထွက်သွားပုံတွေ၊ ဘုရားသခင်နဲ့ ဆက်ဆံရေးအကြောင်း တွေးခေါ်စဉ်းစားပုံတွေကနေ ကျွန်တော်တို့ကို နှစ်သိမ့်ပေးပါတယ်။ ရယ်စရာ၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဟောပြောချက်တစ်ခုမှာ သူက သူရဲ့ ပုံတချို့ကို မျှဝေထားပြီး ပတ်သက်ဆက်နွယ်မှုကို ရှာဖွေရာမှာ မှားယွင်းတဲ့ အစတွေနဲ့ နလပိန်းတုံဖြစ်မှုတွေကို ဖြတ်သန်းဖို့ ဖန်တီးနိုင်စွမ်းကို အသုံးပြုပုံကို ဖော်ပြထားပါတယ်။
