ဘာသာစကားက ကျွန်ုပ်တို့ စဉ်းစားပုံကို ပုံသွင်းပေးပုံ
ကမ္ဘာတဝှမ်းမှာ သုံးနှုန်းပြောဆိုကြတဲ့ ဘာသာစကားတွေ ၇၀၀၀ ခန့် ရှိပါတယ်။ ပြီးတော့ အဲဒီဘာသာစကားတွေဟာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ မတူကွဲပြားကြပါတယ်။ ဒါပေမဲ့ ၎င်းတို့ဟာ ကျွန်ုပ်တို့ရဲ့ တွေးခေါ်ပုံကို ပုံသွင်းပေးနိုင်ကြသလား။ သိမြင်နားလည်မှု ပညာရှင် Lera Boroditsky က ဘာသာစကား ဆိုင်ရာ ဥပမာတွေကို၊ ဘယ်ညာအစား အရပ်လေးမျက်နှာဦးတည်ချက်များကို သုံးကးြတဲ့ သြစတြေးလျထဲက ဘော်ရီဂျင်နီ လူ့အဖွဲ့အစည်းနဲ့ ရုရှား ဘာသာစကားထဲက အပြာရောင် အတွက် စကားလုံး တစ်လုံးမက သုံးနေခြင်း ဥပမာ အပါအဝင်ကို၊ မျှဝေပေးရင်း ဟုတ်ကဲ့လို့ ဖြေရမှာ ဖြစ်ကြောင်း တင်ပြထားပါတယ်။ "ဘာသာစကားတွေ မတူကွဲပြားမှုတွေရဲ့ အလှတရားက လူသားဦးနှောက်ရဲ့ ဖန်တီးကြံဆနိုင်စွမ်းနဲ့ ပျော့ပြောင်းမှုကို ဖွင့်ထုတ် ပြသနေပါတယ်" လို့ Boroditsky က ဆိုပါတယ်။ "လူ့ဦးနှောက်ဟာ သိမြင်လို့ရတဲ့ စကြာဝဠာကို တစ်ခုတင်မကဘဲ ၇၀၀၀ အထိကို တီထွင်ပေးထားတာကို ထောက်ပြနိုင်ပါတယ်။
