ကိုယ့်အားလပ်ချိန်ကို ထိန်းချုပ်နိုင်ပုံ
တစ်ပတ်မှာ ၁၆၈ နာရီ ရှိပါတယ်။ အရေးကြီးဆုံး အရာများအတွက် ကျွန်ုပ်တို့ဟာ အချိန်ကို ဘယ်လိုလုပ် ရှာကြတာလဲ။ အချိန်ကို စီမံခန့်ခွဲမှု ပါရဂူဖြစ်တဲ့ Laura Vanderkam ဟာ အလုပ်များတဲ့ လူတွေက သူတို့ ဘဝအချိန်ကို ဖြုန်းးကြပုံကို လေ့လာသူဖြစ်ပြီး လူတွေအများစုဟာ အပတ်စဉ်တိုင်းမှာ ကိုယ်လုပ်နိုင်ခဲ့တာကို တိုးပြီး ခန့်မှန်းကြကာ ကျွန်ုပ်တို့အတွက် ရှိတဲ့ အချိန်ကိုကျတော့ လျှော့တွက်နေကြတာကို သတိထားမိပါတယ်။ ကျန်ုပ်တို့ အတွက် အရေးကြီးတာတွေ အတွက် အချိန်ကို တိုးပြီးရှာယူကာ ကျွန်ုပ်တို့ဆီမှာ ရှိတဲ့ အချိန်လေးဖြင့် ကိုယ်လိုချင်တဲ့ ဘဝမျိုးကို တည်ဆောက်နိုင်ရန် ကူပေးမယ့် လက်တွေ့ကျတဲ့ မဟာဗျူဟာ အချို့ကို သူက တင်ပြပေးထားပါတယ်။

