ကမ္ဘာ့ကူးစက်မြန်ရောဂါအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းနည်းကို လိုအပ်နေခြင်း
ကပ်ရောဂါပါရဂူဖြစ်တဲ့ Larry Brilliant က TED မှ Chris Andersonနဲ့ သိပ်ကို အရေးပါတဲ့ တွေဆုံမေးမြန်းခန်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပျံ့နှံ့မှု အချက်အလက်များနဲ့ ကိန်းဂဏန်းတွေကို ဆန်းစစ် ဆွေးနွေးထားပါတယ်။ Brilliant က ကမ္ဘာ့ကူးစက်မြန်ရောဂါကို အဆုံးသတ်ရေး ပြတ်သားတဲ့ အစီအစဉ်ကို ချမှတ်ပေးလျက် အဲဒါကို လက်လှမ်းမီ အောင်မြင်ဖို့အတွက် ပထဝီအရ၊ နိုင်ငံရေးအရ ကွဲပြားနေကြတဲ့ အင်အားတွေ အားလုံးတို့က လက်တွဲ လုပ်ကိုင်ကြဖို့ လိုအပ်တာကို ထောက်ပြထားပါတယ်။ "ဒါဟာ မကောင်းဆိုးဝါးတွေကြောင့် ကမ္ဘာ့ပျက်ကိန်းမျိုး မဟုတ်ပါဘူး၊" "ကျုပ်တို့ဟာ အကောင်းဆုံးပုံစံနဲ့ ကြိုးပမ်းဖို့ လိုပါတယ်။" သူက လှုံ့ဆော်ထားပါတယ်။ (၂၀၂၀ ခုနှစ် ဧပြီလ ၂၂ ရက်တွင် ရိုက်ကူးခဲ့တယ်)

