လွဲမှားနေတဲ့ သတင်းလုပ်ငန်းကို ပြုပြင်ဖို့ နည်းလမ်း ၃ ခု
သတင်းလုပ်ငန်းနဲ့ ပတ်သက်ပြီး တစ်ခုခုကတော့ အင်မတန်ကို လွဲမှားနေပါတယ်။ မီဒီယာအပေါ် ယုံကြည်မှုဆိုတာဟာ ရာဇဝင်တွင်အောင်ကို နိမ့်ကျနေပါတယ်။ ကျွန်မတို့ဟာ လူပြိန်းကြိုက် တမင်တကာ နာမည်ကြီးအောင် ဖန်တီးထားတဲ့ အဖြစ်တွေနဲ့ လွှမ်းမိုးခံနေရပြီး တစ်သတ်မှတ်တည်း အရည်အသွေးမြင့်တဲ့ သတင်းပေးပို့ခြင်းဟာ ရှားပါတယ် လို့ဆိုသူကတော့ သတင်းစာသမားနဲ့ စွန့်ဦးထွင်လုပ်ငန်းရှင် Lara Setrakian ပါ။ သူမကနေပြီး သတင်းတွေကို ပြုပြင်နိုင်ဖို့ နည်းလမ်း ၃ ခုနဲ့ ကျွန်ုပ်တို့ ခေတ်ကာလရဲ့ ရှုပ်ထွေးလှတဲ့ ကိစ္စရပ်တွေ နားလည်လွယ်အောင် မျှဝေထားပါတယ်။
