ငယ်ရွယ်သူမိန်းမပျိုလေးတစ်ယောက်အဖြစ်နဲ့ ဓာတ်ပုံသတင်းစာဆရာ နဲ့ TED ဝိုင်းတော်သား ကီထရာ ကာဟာနာဟာ အိမ်ကနေထွက်ပြေးပြီး လမ်းမပေါ်တွင် လွတ်လပ်စွာ နေထိုင်ဖို့အတွက် စိတ်ကူးယဉ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အရွယ်ရောက်ပြီး ကိုယ့်ကိုကိုယ် ခြေသလုံးအိမ်တိုင်သမား အဖြစ် ကြေညာထားလိုက်ပြီး ခေတ်သစ် လှည့်လည်သွားလာ လေလွင့်နေသူတွေနောက်လိုက်ကာ သူတို့ရဲ့အိမ်တွေဖြစ်တဲ့ ကုန်တွဲတွေ၊ ဘတ်(စ်)ကားမှတ်တိုင်တွေ၊ ကားရပ်နားတဲ့နေရာတွေ၊ ရပ်နားစရာ သန့်စင်ခန်းတွေမှာ နေပါတယ်။ အနားသတ်နယ်နိမိတ်တွေပေါ်က ယဉ်ကျေးမှုတစ်ခုကို ရိပ်ကနဲလှစ်ဟပြလိုက်ခြင်းပေပဲပေါ့။
