"သူစိမ်းတွေကို သင် စကားပြောတဲ့အခါ သင့်ရဲ့ မျှော်လင့်ထားတဲ့ နေ့စဉ်ဘဝရဲ့ ဇာတ်လမ်းထဲကို၊ ပြီးတော့ သူတို့ရဲ့ ဇာတ်လမ်းတွေထဲကိုပါ၊ လှပတဲ့ အနှောင့်အယှက်လေးတွေကို ဖန်တီးနေတာပါ" လို့ Kio Stark ကဆိုပါတယ်။ ဒီကြည်နူးဖွယ်ကောင်းတဲ့ ဟောပြောချက်မှာ Kio Stark ကနေပြီး သူစိမ်းတွေလို့ဆိုတာနဲ့ ကျွန်တော်တို့ရဲ့ အလိုလိုဖြစ်တဲ့ သက်တောင့်သက်သာမဖြစ်မှုကို တွန်းဖယ်ကာ စစ်မှန်တဲ့ ဆက်သွယ်မှုရဲ့ လျှပ်တစ်ပြက်ဆိုပေမဲ့ ထူးထူးခြားခြား လှပတဲ့ တဒင်္ဂလေးတွေကို ပွေ့ဖက်ခြင်းရဲ့ သတိမူထားမိတဲ့ အကျိုးကျေးဇူးတွေကို စူစမ်းထားပါတယ်။
