စိတ်ဖိစီးမှုကို သင့်မိတ်ဆွေ ဖြစ်အောင်လုပ်နည်း။
စိတ်ဖိစီးမှု။ သင့်နှလုံးကို တဒိန်းဒိန်းခုန်စေတယ်၊ အသက်ရူမြန်စေပြီး သင့်နဖူးမှာ ချွေးစို့လာစေပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုကို အများပြည်သူ ကျန်းမာရေး ရန်သူတစ်ဦးလို့ဖြစ်စေပေမဲ့ သုတေသနတွေက ညွှန်းဆိုတာကတော့ ဒါကို ပြဿနာလို့ ယုံကြည်ရင်တော့ စိတ်ဖိစီးမှုဟာ သင့်အတွက် ဆိုးလောက်တယ်ဆိုတာပါ။ စိတ်ပညာရှင် Kelly McGonigal ကနေပြီး စိတ်ဖိစီးမှုကို အပြုသဘောအဖြစ် မြင်ကြဖို့ တိုက်တွန်းထားပြီး စိတ်ဖိစီးမှု လျှော့ချရေးအတွက် တိမ်မြုပ်နေတဲ့ ယန္တရားတစ်ခုကို မိတ်ဆက်ပေးထားပါတယ်။ အခြားသူတွေကိုလည်း လက်ကမ်းရင်းပေါ့။
