ထိတွေ့မှုဖြင့် ကူညီ လမ်းပြပေးနိုင်သော ဝတ်ဆင်နိုင်တဲ့ နည်းပညာ။
Keith Kirkland ဟာ ထိတွေ့မှုအာရုံတစ်ခုတည်းသာ အသုံးပြုရင်း သတင်းအချက်အလက်ကို ဆက်သွယ်ပေးတဲ့ ဝတ်ဆင်နိုင်တဲ့ နည်းပညာကို တီထွင်နေပါတယ်။ သူကြံဆနေမိတာက "ဘယ်လက်ဟန်ခြေဟန်တွေနဲ့ တုန်ခါမှုပုံစံတွေက ရပ်" သို့မဟုတ် "သွား" တို့လိုမျိုး စိတ်ကူးတွေကို အလိုလို ဆက်သွယ်ပေးနိုင်ပါလိမ့်။ သူ့အဖွဲ့ရဲ့ ပထမဦးဆုံးထုတ်ကုန် မျက်မမြင်များနဲ့ အမြင်အာရုံ အားနည်းသူများအတွက် လမ်းပြကိရိယာတစ်ခုကို စစ်ဆေးကြည့်ပြီး ဒါကို မောင်းနှင်ဖို့ သူဖန်တီးနေတဲ့ လုံးဝကို အသစ်ဖြစ်တဲ့ "ထိတွေ့မှုအာရုံ ဘာသာစကား"အကြောင်း ပိုမိုလေ့လာလိုက်ပါဦး။
