နက်နဲသော အချိန်၏ စိတ်ကို ပြောင်းလဲစေသော အနုပညာ။
အဝေးမှုန်ခြင်းဟာ လူ့လောကအတွက် အကြိးမားဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်လောက်တယ်လို့ အယူအဆပိုင်းရာ အနုပညာရှင် Katie Paterson က ဆိုပါတယ်။ သူ့လက်ရာက နှစ်သန်းပေါင်းချီ သက်တမ်းရှိတဲ့ ကမ္ဘာမြေရဲ့ သမိုင်းကို သရုပ်ဖော်တဲ့ အယူအဆတစ်ခုဖြစ်တဲ့ နက်နဲတဲ့ အချိန်နဲ့ ပတ်သက်နေတာပါ။ ဒီတက်ကြွသက်ဝင်တဲ့ ဟောပြောချက်ထဲမှာ သူက သူ့အနုပညာကနေ
အရည်ပျော်နေတဲ့ ရေခဲမြစ်တစ်စင်း၊ သေလုလု ကြယ်တွေရဲ့ မြေပုံတွေကို ဆက်သွယ်ထားတဲ့ တယ်လီဖုန်လိုင်းတစ်ခုဆီ ကျွန်ုပ်တို့ကို ခေါ်ဆောင်သွားပြီး ၂၁၁၄ မတိုင်မီအထိ ပုံနှိပ်ထုတ်ဝေတာ သို့မဟုတ် ဖတ်တာ မလုပ်သေးတဲ့ နာမည်ကျော်ကြားတဲ့ စာရေးဆရာတွေဆီက မဖတ်ရသေးတဲ့ စာမူတွေကို သိမ်းထားတဲ့ သစ်တောဖုံးလွှမ်းနေတဲ့ အခန်းတစ်ခန်းဖြစ်တဲ့ သူ့ရဲ့ နောက်ဆုံးပေါ် ပရောဂျက် Future Library ကို တင်ပြထားပါတယ်။
