စကြဝဠာ နိဂုံးနဲ့ပတ်သက်တဲ့ ဘဝကို ပြောင်းလဲစေသော မေးခွန်းများ
ဒီစိတ်ဝင်စားစရာ စကားဝိုင်းမှာ၊ စကြဝဠာဗေဒပညာရှင်နဲ့ TED ဝိုင်းတော်သား Katie Mack ကနေပြီး Big Bang သီအိုရီကနေ၊ လေ့လာနိုင်တဲ့ စကြာဝဠာ အစွန်းမှာ တွေ့မြင်ရတာတွေအထိ၊ စကြဝဠာ အဆုံးသတ်နိုင်လောက်တဲ့ နည်းလမ်း အနည်းငယ်အထိ၊ အရာရာကို စူးစမ်းလေ့လာခဲ့ပါတယ်။ ဖြစ်တည်မှုရဲ့ အံ့ဩစရာကောင်းပြီး ၊အံ့ချီးဖွယ်အကြောင်း ပင်ကိုကဗျာတစ်ပုဒ်ကို Mack ရွတ်ဆိုတာကို ကြားရဖို့ ဆက်ပြီး စောင့်ကြည့်လိုက်ပါဦး။ (TED Fellows အစီအစဉ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး Lily James Olds က လက်ခံကျင်းပခဲ့တဲ့၊ ဒီစကားဝိုင်းဟာ TED Membership ပွဲတစ်ခု၏ အစိတ်အပိုင်းပါ ။ TED အဖွဲ့ဝင်ဖြစ်လာဖို့ ted.com/membership ကို ဝင်ရောက်ကြည့်ရှုပါ။)
