မိခင်ရဲ့ နို့ဟာ ကလေးတွေရဲ့ ခန္ဓာကိုယ်ကို ကြီးထွားလာစေတယ်၊ အာရုံကြော ဖွံ့ဖြိုးမှုကို ဖြည့်တင်းပေးတယ်၊ အရေးပါတဲ့ ကိုယ်ခံအားကို အားဖြည့်ပေးပြီး အစာရေစာ ရှားပါးမှု နှင့် ရောဂါဘယများမှ ကာကွယ်ပေးတယ် ဆိုတော့၊ ဘာေကြာင့် သိပ္ပံပညာဟာ ခရမ်းချဉ်သီးတွေ အကြောင်းကို မိခင်နို့ထက် ပိုပြီး သိရှိနေရတာလဲ။ Katie Hinde က အသက်ကို မွေထုတ်ပေးတဲ့ နက်နဲရှုပ်ထွေးလှတဲ့ အဲဒီ အရာ အကြောင်းကို အတွင်းကျ ဖေါ်ထုတ် တင်ပြထားပြီး မိခင်နို့ကို ကျွန်ုပ်တို့ အနေနဲ့ ပိုပြီး ကောင်းမွန်စွာ နားလည်လာနိုင်ရန် သိပ္ပံပညာဘက်မှ ဖြည့်ပေးရန် လိုအပ်နေသေးတဲ့ ဟာကွက်တွေ အကြောင်းကို ဆွေးနွေးထားပါတယ်။

