ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို ဖြတ်သန်းကြတဲ့အခါ၊ အရာဝတ္ထုတွေ ဘယ်လိုခံစားရတယ်ဆိုတဲ့ ရင်းနှီးတဲ့ အာရုံခံစားမှုတစ်ခု ရှိပါတယ်၊ ကျွန်တော်တို့ရဲ့ အရေပြားပေါ်မှာ အရာဝတ္ထုတွေက ထုတ်ပေးတဲ့ အာရုံခံစားမှုတွေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာတွေက အရာဝတ္ထုဆီ ဦးတည်ပုံပါ။ နည်းပညာက ဒါကို ထောက်ပံ့ပေးနိုင်လား။ ဒီပျော်စရာ စိတ်ဝင်စားစရာ TED-Ed သင်ခန်းစာမှာ တိတွေ့မှုအာရုံတွေရဲ့ နယ်ပယ်နဲ့ အွန်လိုင်းမှာ ဈေးဝယ်ပုံကနေ သွားကုဆရာဝန်တွေက သွားအခေါင်းပေါက် စမ်းတာကို သင်ယူပုံအထိ အရာရာတိုင်းကို ပြောင်းလဲစေနိုင်ပုံတွေကို သင်ယူလိုက်ပါ။

